စိတ်ကူးယဥ်ဘုရားသခင်များ

 ရဟန်းတစ်ပါးနဲ့ဘာသာမဲ့တစ်ယောက်နဲ့

ဘုရားသခင်ရှိခြင်း၊မရှိခြင်းအကြောင်းကို

ဆွေးနွေးမိကြတယ်။


အစပိုင်းမှာတော့ တော်တော်အဆင်ပြေပြေနဲ့

ဆွေးနွေးနေကြတာပေါ့။

ဒါပေမဲ့ ကြာလာတာနဲ့အမျှ အေချအတင်

ဝေဖန်ပြောဆို ငြင်းဆိုတာတွေ ဖြစ်လာတာပေါ့


ရုတ်တရက် ရဟန်းတော်က ကြားဖြတ်ပြောတယ်။ 

"ခနနေပါဦး..။ တကယ်တော့..

မင်းဟာ မှောင်မိုက်နေတဲ့အခန်းထဲမှာ

တကယ်မရှိတဲ့ ကြောင်နက်တစ်ကောင်ကို

လိုက်ရှာနေသလိုဖြစ်နေတယ်" တဲ့။


ဒါနဲ့ ဘာသာမဲ့က ပြန်ပြောပါတယ်။ 

"မြင့်မြတ်လှစွာသော ရဟန်းခင်များ..

တကယ်တော့..

ခင်များနဲ့ကျနော့်ကြားမှာ တူညီတဲ့အချက်တွေ

များစွာရှိနေပါတယ်"။


ရဟန်းတော်က မေးလိုက်တယ်။

"ဘာတွေများတူညီနေလို့လဲ"ပေါ့။

"ငါက ယုံကြည်သူ၊ မင်းကမယုံကြည်တဲ့သူလေ"ပေါ့။


ဘာသာမဲ့ပြန်ပြောလိုက်တာက...

"ကျနော်တို့ နှစ်ယောက်လုံးဟာ 

မှောင်မိုက်နေတဲ့ အခန်းထဲမှာ

တကယ်မရှိတဲ့ ကြောင်နက်တစ်ကောင်ကို 

လိုက်ရှာနေကြတာတော့ အတူတူပါပဲ

ဒါပေမဲ့..

#ခင်များတို့ကတော့ ရှာတွေ့နေတယ်ဗျ" ။


Burmese Atheist youtubeမှ ပြန်လည်မျှဝေသည်။

Comments