Posts

စိတ်ကူးယဥ်ဘုရားသခင်များ

 ရဟန်းတစ်ပါးနဲ့ဘာသာမဲ့တစ်ယောက်နဲ့ ဘုရားသခင်ရှိခြင်း၊မရှိခြင်းအကြောင်းကို ဆွေးနွေးမိကြတယ်။ အစပိုင်းမှာတော့ တော်တော်အဆင်ပြေပြေနဲ့ ဆွေးနွေးနေကြတာပေါ့။ ဒါပေမဲ့ ကြာလာတာနဲ့အမျှ အေချအတင် ဝေဖန်ပြောဆို ငြင်းဆိုတာတွေ ဖြစ်လာတာပေါ့ ရုတ်တရက် ရဟန်းတော်က ကြားဖြတ်ပြောတယ်။  "ခနနေပါဦး..။ တကယ်တော့.. မင်းဟာ မှောင်မိုက်နေတဲ့အခန်းထဲမှာ တကယ်မရှိတဲ့ ကြောင်နက်တစ်ကောင်ကို လိုက်ရှာနေသလိုဖြစ်နေတယ်" တဲ့။ ဒါနဲ့ ဘာသာမဲ့က ပြန်ပြောပါတယ်။  "မြင့်မြတ်လှစွာသော ရဟန်းခင်များ.. တကယ်တော့.. ခင်များနဲ့ကျနော့်ကြားမှာ တူညီတဲ့အချက်တွေ များစွာရှိနေပါတယ်"။ ရဟန်းတော်က မေးလိုက်တယ်။ "ဘာတွေများတူညီနေလို့လဲ"ပေါ့။ "ငါက ယုံကြည်သူ၊ မင်းကမယုံကြည်တဲ့သူလေ"ပေါ့။ ဘာသာမဲ့ပြန်ပြောလိုက်တာက... "ကျနော်တို့ နှစ်ယောက်လုံးဟာ  မှောင်မိုက်နေတဲ့ အခန်းထဲမှာ တကယ်မရှိတဲ့ ကြောင်နက်တစ်ကောင်ကို  လိုက်ရှာနေကြတာတော့ အတူတူပါပဲ ဒါပေမဲ့.. #ခင်များတို့ကတော့ ရှာတွေ့နေတယ်ဗျ" ။ Burmese Atheist youtubeမှ ပြန်လည်မျှဝေသည်။

လူမှုတော်လှန်ရေးအဓွန့်ရှည်ပါစေ

 သိမှုမြင့်လူမှုအဖွဲ့စည်းအတွင်းမှာ  အချောင်ခို ရေပေါ်ဆီလူတန်းစားတွေ  ကြောင်သူတော်ကြွက်သူခိုးတွေအတွက် နေရာမရှိစေရဘူး။ လူတိုင်းဟာ  ကိုယ့်လုပ်အားအပေါ်ကိုယ်ရပ်တည်ရမယ်။ လုပ်အားရဲ့အသီးအပွင့်ကို ထိုက်တန်စွာခံစားစေရမယ်။ အခွင့်ထူးခံလူတန်းစားအားလုံး မုချကျဆုံးရမယ်။ အာဏာရှင်တော်လှန်ရေး မုချအောင်မြင်ရမယ်။  ဆန္ဒပြုပါတယ်။ လူမှုတော်လှန်ရေးအဓွန့်ရှည်ပါစေ။ Simon

ဘာသာတရားများဟာ လက်တွေ့အရှိတရားနဲ့ သဘာဝအပေါ် ဆန့်ကျင်နေသလား

  ဘာသာရေးဟာ အကျိုးမျှော်အကြောက်တရားနဲ့ရှင်သန်နေရတာပါ။ ကောင်းမှုကုသိုလ်နတ်နိဗ္ဗာန်နဲ့မြှောက်ပင့်တယ်။ မကောင်းမှုအကုသိုလ်ငရဲသံသရာနဲ့ခြိမ်းခြောက်တယ်။ ဘာသာရေးသွန်သင်မှုတစ်ခုကိုဥပမာကြည့်။ အသက်သတ်တာဟာမကောင်းမှု။ ဒါဟာ သေချာစဥ်းစားကြည့်ရင် လက်တွေ့သဘောတရားနဲ့ဆန့်ကျင်နေပါတယ်။ သဘာဝတရားအရ လူအပါဝင်၊အပင်တွေပါမကျန် သက်ရှိဟူသမျှ အစာအတွက်သတ်ဖြတ်စားသောက်ရှင်သန်နေရတာပါ။ ဒါကိုဘယ်သက်ရှိမှမငြင်းပယ်နိုင်ပါဘူး။ (အစာကွင်းဆက်လည်ပတ်မှုကိုအမှတ်ရပါ) ဥပမာ လူတစ်ယောက်နေ့စဥ်ရေချိုးသန့်ရှင်းမှု။ တကယ်တော့ ရေချိုးဆပ်ပြာသုံးပြီးခန္ဓာကိုယ်သန့်ရှင်းရေးလုပ်တာဟာ ခန္ဓာကိုယ်ပေါ်က ဘက်တီးရီးယားသက်ရှိပေါင်းမြောက်မြားစွာကို ရှင်းလင်းပစ်ခြင်းပါပဲ။ ရည်ရွယ်ချက်နဲ့သတ်ဖြတ်တာမဟုတ်ဖူးလို့ ငြင်းချက်ထုတ်ကြပေမဲ့ ဒီလုပ်ရပ်အောက် သေကြေရမဲ့သက်ရှိတွေရှိနေတာကို လူကသိနေတာပဲလေ။ ဒါလည်းလုပ်ကြတာပဲ။ မလုပ်လို့လည်းမရပါဘူး။ ကိုယ့်ရဲ့ရှင်သန်မှုအတွက် သတ်ဖြတ်ရှင်းလင်းရတာမို့ပါ။ နောက်တခု ပံသကူသားတဲ့။ ဘောဂဗေဒအရ ဝယ်လိုအားရှိလို့ ရောင်းလိုအားရှိလာရတာပါ။ ခများတို့ စားသောက်ဖို့ သားသတ်ရုံတွေလည်ပတ်နေရတာပါ။ စားသုံးသူမရှိပဲ ဘယ်သူမှအလကားနေရင် ထိုင...