ဘာသာတရားများဟာ လက်တွေ့အရှိတရားနဲ့ သဘာဝအပေါ် ဆန့်ကျင်နေသလား

 

ဘာသာရေးဟာ အကျိုးမျှော်အကြောက်တရားနဲ့ရှင်သန်နေရတာပါ။


ကောင်းမှုကုသိုလ်နတ်နိဗ္ဗာန်နဲ့မြှောက်ပင့်တယ်။


မကောင်းမှုအကုသိုလ်ငရဲသံသရာနဲ့ခြိမ်းခြောက်တယ်။


ဘာသာရေးသွန်သင်မှုတစ်ခုကိုဥပမာကြည့်။


အသက်သတ်တာဟာမကောင်းမှု။


ဒါဟာ သေချာစဥ်းစားကြည့်ရင် လက်တွေ့သဘောတရားနဲ့ဆန့်ကျင်နေပါတယ်။


သဘာဝတရားအရ လူအပါဝင်၊အပင်တွေပါမကျန် သက်ရှိဟူသမျှ အစာအတွက်သတ်ဖြတ်စားသောက်ရှင်သန်နေရတာပါ။
ဒါကိုဘယ်သက်ရှိမှမငြင်းပယ်နိုင်ပါဘူး။
(အစာကွင်းဆက်လည်ပတ်မှုကိုအမှတ်ရပါ)
ဥပမာ လူတစ်ယောက်နေ့စဥ်ရေချိုးသန့်ရှင်းမှု။ တကယ်တော့ ရေချိုးဆပ်ပြာသုံးပြီးခန္ဓာကိုယ်သန့်ရှင်းရေးလုပ်တာဟာ ခန္ဓာကိုယ်ပေါ်က ဘက်တီးရီးယားသက်ရှိပေါင်းမြောက်မြားစွာကို ရှင်းလင်းပစ်ခြင်းပါပဲ။ ရည်ရွယ်ချက်နဲ့သတ်ဖြတ်တာမဟုတ်ဖူးလို့ ငြင်းချက်ထုတ်ကြပေမဲ့ ဒီလုပ်ရပ်အောက် သေကြေရမဲ့သက်ရှိတွေရှိနေတာကို လူကသိနေတာပဲလေ။ ဒါလည်းလုပ်ကြတာပဲ။ မလုပ်လို့လည်းမရပါဘူး။ ကိုယ့်ရဲ့ရှင်သန်မှုအတွက် သတ်ဖြတ်ရှင်းလင်းရတာမို့ပါ။ နောက်တခု ပံသကူသားတဲ့။
ဘောဂဗေဒအရ ဝယ်လိုအားရှိလို့ ရောင်းလိုအားရှိလာရတာပါ။ ခများတို့ စားသောက်ဖို့ သားသတ်ရုံတွေလည်ပတ်နေရတာပါ။ စားသုံးသူမရှိပဲ ဘယ်သူမှအလကားနေရင် ထိုင်သတ်မနေပါဘူး။ ဒါကိုတောင် ကိုယ်တိုင်သတ်တာမဟုတ်လို့အပြစ်မရှိဘူး၊ သတ်တဲ့လူပဲငရဲသွားခံ၊ စားတဲ့တို့ကအပြစ်မရှိဘူးတဲ့။ ဘာသာရေးက hypocriteတွေမွေးထုတ်ပေးထားလိုက်တာများ ကိုယ်လွတ်ရုန်း ကိုယ့်ဘက်ကိုယ်ယက်ကြတဲ့ကြောင်သူတော်တွေများချက်။ နောက်တခု အသားစားတဲ့တရားသမားတချို့ပြောကြတယ် တို့က အရသာအာရုံခံမစားဘူးတဲ့ အာဟာရအလိုငှါသာ အာရုံဖျောက်စားတာပါတဲ့ အရမ်းတော်ကြတာပဲနော် အခါးဓာတ်ပေါက်အောင်အသားကိုနည်းနည်းမဆိုသလောက်တူးအောင်ချက်ပြီး တစ်လလောက်ရက်ဆက်ကျွေးကြည့်ပါလား အရသာအာရုံမခံဘူးဆိုတဲ့သူတော်ကောင်းကြီးတွေ ကြိတ်မှိတ်စားနေရမှလားလို့။ လျှာဆိုတာ အရသာခံတဲ့အစိတ်အပိုင်းလေ သူ့အလုပ်သူလုပ်ပြီး ဦးနှောက်ကိုသတင်းပို့ရတာလေ ဒါကို ဦးနှောက်က သတင်းအမှောင်ချပြီး ဘာမှမသိဘူးလုပ်ရတာကတော့ ဇော်မဲလုံးသောက်ချိုး ချိုးရတာပါပဲ။
ဒီလိုကိစ္စတွေလိုက်ရေးနေရင် ကျမ်းတစ်အုပ်ဖွဲ့လို့ရမယ်။ ထားလိုက်ပါတော့။
ပြောရရင် ဒါက အပြစ်တစ်ခုမဟုတ်ပါဘူး။ အပြစ်တင်ချင်းတင် ရက်စက်တဲ့သဘာဝတရားကြီးကိုပဲ အပြစ်တင်ရမှာပါ။
အဓိက ပြောချင်တာက ဘာသာတရားတွေကနေ ကောင်းမှုမကောင်းမှုကို သတ်မှတ်လိုက်တယ်၊ လူတွေကို အပြစ်မကင်းသလိုခံစားရစေတယ်၊ ကြောက်ရွံစေတယ်၊ ပြီးတာနဲ့ အတုယောင်အပြစ်ဆေးကြောရေးလမ်းစဥ်ကိုချပေးလိုက်တယ်၊ အတုယောင်ဘုရားတွေကို ဖန်တီးလိုက်တယ်၊ ဒီလိုနဲ့ဘာသာရေးအသက်ဆက်တာပါ။
လူတွေရဲ့ အကျိုးမျှော်၊အကြောက်တရားနဲ့ဘာသာတရားတွေအသက်ဆက်နေရတာပါ။
လူ့အဖွဲ့စည်းဟာ တိုးတက်မှုဆုတ်ယုတ်မှုတွေနဲ့အမြဲတမ်းတောက်လျှောက်ပြောင်းလဲနေတာပါ။ လူတွေရဲ့သိမှုမြင့်မားလာမှုနဲ့အတူ အတုယောင် အကျိုးမျှော်၊အကြောက်တရားတွေကို ခွာချလာနိုင်ကြပါပြီ။
လူချင်းအတူတူ လူပေါ်လူဇော်လုပ်နေကြတဲ့
ဘုရားထူးခံလူတန်းစားတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ လုပ်သမျှ ပြောသမျှ ခေါင်းငုံ့နာခံနေရတဲ့ခေတ်စနစ်ဟာ ယိုယွင်းလာပါပြီ။ ဒါကိုတော့ လက်ခံကြမယ်ထင်ပါတယ်။
တစ်ခုကျန်သေးတာက ခင်များတို့ရင်ထဲက အကြောက်တရားနဲ့ အကျိုးမျှော်ကြောင်သူတော်ဝါဒ(နတ်ပြည်နိဗ္ဗာန်ရက်တိုတိုနဲ့ရောက်ချင်လို့ဤကောင်းမှုကိုပြုပါသည်..ဒါမျိုး)
ကို အပြီးသတ်ဖယ်ရှားပစ်ဖို့ပါပဲ။

Simon

Comments